ဘီးလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ




MNP   -  ဇန်နဝါရီ ၃

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့မ အားကစား ကွင်းအတွင်း ကျင်းပလျှက်ရှိရာ ဌာနပေါင်းစုံဖူဆယ် ဘောလုံး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတို့ ကို ယမန်နေ့ နံနက်ပိုင်းတွင်လည်းကောင်း ၊ဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲနှင့် ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများအဖြစ် သက်ငယ်ကျား/မ မီတာ (၂၅) အပြေးပြိုင်ပွဲ၊ သက်လတ် ကျား/မ မီတာ (၅၀)အပြေးပြိုင်ပွဲ၊ သက်ကြီး ကျား မီတာ (၈၀၀)၊မ မီတာ (၄၀၀)အပြေးပြိုင်ပွဲ၊ အာလူး ကောက် ပြိုင်ပွဲ ၊ဖားခုန်ပြိုင်ပွဲ မုန့်စားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် လည်းကောင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။


  အဆိုပါ အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ဆုရရှိကြ သူများကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)