ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတမ်းပါစတေကာများကို မော်တော်ယာဥ်များ၊ ဆိုင်ကယ်များအား ကပ်နှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာတမ်းပါစတေကာများကို မော်တော်ယာဥ်များ၊ ဆိုင်ကယ်များအား ကပ်နှံပေး




MNP  -  ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ စာတမ်းပါစတေကာများကို မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ကပ်နှံပေးခြင်းကို ပေါ်တော်မူရှင်ဖြူ ဘုရားလမ်းဆုံတွင် ယနေ့နံနက် (၈:၀၀) အချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဇန်နဝါရီ ၄ ရက်နေ့စာတန်းပါ စတေကာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးအေးကြိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်တို့ကဦးဆောင်၍ မြို့နယ်ဒုရဲမှူး မျိုးမင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ် (၃၀) စီး၊ ဆိုင်ကယ် (၇၀)စီးအား လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်ဖြင့် စတေကာများကပ်နှံပေးခဲ့ကြောင်း သိရသည်။


သင်းသင်းအေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)