ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်၊ ကျေင်းသား ၊ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်၊ ကျေင်းသား ၊ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ



MNP  ၊ ဇန်နဝါရီ ၁၉

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်ရည်ရွယ် ၍ ကျောင်းအခြေပြု အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(Myancopharm)ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။


         ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးပြီး၊ ပုံမှန်အခြေအနေရှိသူများကိုသာ ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Myancopharm)အားထိုးနှံပေးခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူ(၁၄၃၃၂)ဦးရှိရာ ယမန်နေ့က အခြေခံပညာကျောင်း(၇) ကျောင်းတွင်  ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Myancopharm)ထိုးနှံသူ(၄၇၃)ဦးရှိပြီး၊ ယနေ့အထိ ထပ်ဆောင်း(Booster)ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပြီးစီးသူ(၈၅၆၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)