MNP - ဇန်နဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ထွန်းကျော်နှင့် ဝန်ထမ်းများက 11 kv, 0.4 kv ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် လျှပ်စစ်မီတာများစစ်ဆေးခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ကြသည်။
လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် အဆိုပါကွင်းဆင်း လုပ်ငန်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment