MNP - ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ ညနေ ၃ နာရီ အချိန်ကရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ရှိနေအိမ်များအား တစ်အိမ်တက်ဆင်းမီးသတိမူရေးစစ်ဆေးအကြံပေးကြသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဒုမီးသတ်ဦးစီးမှူး ဦးမျိုးလင်းကျော် နှင့်တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းအကြံပြုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းပြောကြား ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment