MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မအီမြို့အတွင်းရှိ ဓါတ်ဆီဆိုင်များ၊ မီးနေ့စဉ်အသုံးပြုရသော စားသောက်ဆိုင်များရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးဘေးစိုးရိမ်ရသော ဆက်စပ်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုရန်၊ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ကွင်းဆင်းစစ်းဆေးရာသို့ မအီနယ်မြေမီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးစောကျော်လင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အလားတူ စစ်ဆေးဆောင်ရွက်ခြင်းများကို အချိန်နှင့်တပြေးညီ အခါအားလျော်စွာ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မီးသတ်ဦးစီးမှူးက သိရှိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment