ပွင့်ဖြူမြို့နယ်၌ မိုးလုံလေလုံအားကစားရုံအဆောက်အအုံ ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မိုးလုံလေလုံအားကစားရုံအဆောက်အအုံ ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းစစ်ဆေး


MNP  -  ဇန်နဝါရီ ၁၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ တည်ဆောက်ပြီးစီးရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေ ရှိ မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် (၅၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေအား တင်ဒါပါ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ / မရှိ ကြည့်ရှုစစ်ဆေးရာ တင်ဒါစနစ်ဖြင့် တာဝန်ယူ တည်ဆောက်သည့် Advanaced Generation Technology Co.Ltd (AGT) ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် ဆောက်လုပ်နေမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အားကစားရုံအဆောက်အအုံသစ် ဆောက်လုပ်နေမှုအပေါ် အဆောက်အအုံ ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားရန် ကုမ္ပဏီမှ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။


အဆိုပါ မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၂၀၂၂ -  ၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ခွင့်ပြုရန်ပုံငွေကျပ် ၄၂၃ ဒသမ ၇၉၂ သန်း ခွင့်ပြုချထားပေးခဲ့ကြောင်း သိရပြီး တင်ဒါစနစ်ဖြင့် Advanaced Generation Technology Co.Ltd (AGT) ကုမ္ပဏီက ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ကာ အလျား ၁၂၀ ပေ ၊ အနံ ၉၀ ပေရှိ မိုးလုံလေလုံ အားကစားရုံ အဆောက်အအုံသစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၅၀ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ယင်းမိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် တည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် မျိုးဆက်သစ်လူငယ်မောင်မယ်များအတွက် စိတ်အေးပျော်ရွှင်စွာ အားကစားနည်းမျိုးစုံကို လေ့ကျင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။     


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)