တာမွေမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ








MNP  -   ဇန်နဝါရီ   ၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ပညာရေးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ အမှတ်(၄) အခြေခံပညအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက   “ မြန်မာ့ကျောင်း ” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက “ မင်္ဂလာပါ ”၊ “ ‌နွေးဦးကဗျာ ” စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးရရှိခဲ့သည့် ဂုဏ်ထူးရှင်(၂)ဦး အပါအဝင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် “ ကျောင်းကျန်းမာရေး၊ သင်္ကြန်မိုး၊ ရွဲကုန်သည်၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ အလှကမ္ဘာ၊ ရိုးရိုးလေး၊ သဘာဝရဲ့ ရင်သွေးငယ် ” စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကပြတင်ဆက်ခဲ့ကြပြီး မြို့နယ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်း၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် ကာယပြိုင်ပွဲတို့တွင် ထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ 


အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ မိဘဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)