ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း


MNP  -  ဇန်နဝါရီ ၁၃

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဒေးဒရဲပိုက်လိုင်းပြုပြင်ထိန်း သိမ်းရေးစခန်းမှ လူမှုစီးပွားအထောက်အကူပြု (CSR)၊ ကျန်းမာရေးကဏ္ဍမှ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဒေါ်သန်းတင်ခန်းမ၌ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။  အခမ်းအနားတွင်မြို့နယ် ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးစိုးဝင်းက ကျန်းမာရေးဌာနများမှ အကျိုးရှိစွာသုံးစွဲ သွားကြဖို့လိုကြောင်း ပြောကြားပြီး၊  ဒေးဒရဲပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်းမှ အင်ဂျင်နီယာမှူးဦးမျိုးမြင့်က ဂက်စ်ဟာတိုင်းပြည်အတွက်လျှပ်စစ်ဓာတ် အား(၅၀)ရာခိုင်နှုန်း ပို့လွှတ်နေတာဖြစ်ကြောင်း၊ ဒေးဒရဲပိုက်လိုင်းပြုပြင်ရေးစခန်းက ပိုက်လိုင်းကြီးကို ထိန်းသိမ်းရတဲ့စခန်းဖြစ်ကြောင်း၊ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်ကျန်းမရေးဌာနများအား Labour Bed သားဖွား ကုတင်(၁၀)လုံး၊ Patient Bed လူနာကုတင်(၁၁)လုံး၊ Foot Suction (၁၅)လုံးနှင့် Oximeter(၁)လုံး ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဏာရေးနှစ် လူမှုတာဝန်သိမှု (CSR)လုပ်ငန်း၏ ပညာရေးကဏ္ဍမှ လှည်းဆိပ်အုပ် စု၊မာလာကွင်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၌ ၄၀ ပေx၃၀ပေ ကျောင်းဆောင် ‌ဆောက်လုပ် လှူဒါန်းပေးခြင်း ကြောင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။


ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းနောင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေးဒရဲပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်း အင်ဂျင်နီယာမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဝင်းကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)