(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံ၌ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံ၌ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ





MNP  -   ဇန်နဝါရီ ၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့လှကျေးရွာတွင် ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင်  မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က  ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာ ရောက်ရှိနိုင်စေရန် သယ်ပို့ပေးနိုင်မည့် အထောက်အကူပြု လမ်း၊တံတားဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအပြင် လယ်ယာထုတ်ကုန်များ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိရေးသည်လည်း အရေးကြီးပါကြောင်း ၊ ထို့ကြောင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလမ်းကော်မတီ ဝင်များမှလည်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်းက မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၂ -၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  ကျေလက်ကုန်ထုတ်လမ်း(၂) လမ်း၊ ရေပြွန်(၃)စင်း ၊ Box Culvert (၄)စင်းနှင့် ရေပေးရေး(၂)ခု လုပ်ငန်းများရှိရာ ပြည်နယ်ရန်ပုံငွေဖြင့်  ကျေးလက်ကုန်ထုတ်လမ်း(၃)လမ်း ၊ တံတား(၄)စင်း ၊ Box Culvert(၁)စင်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုကော့ လှကျေးရွာ ကုန်ထုတ်လမ်းသည် မြေသားဂဝံလမ်း အရှည် ၁/၁ ဒသမ ၅၄ မိုင် ၊ အကျယ် ၁၂ ပေ ၊ ထု၂ ပေ ၉ လက်မကို  ကုန်ကျငွေ ( ၉၅ ဒသမ ၈၄ )ကျပ်သန်း ဖြင့် မဏိဩဃ(မွန်)ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ ပြီးစီးပြီဖြစ်၍ ကော့လှကျေးရွာနှင့် ကော့ကဗွီးကျေးရွာရှိ  ကျေးရွာနေပြည်သူများနှင့်  တောင်သူ ဦးရေ( ၃၅ )ဦးတို့၏ လယ်ဧက ၁၀၀ အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကုန်ထုတ်လမ်းဖွင့်ပွဲအထိမ်းအမှတ်  တံဆိပ်များကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ပြီး ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ရာ ကျေးရွာအုပ်ချုပ်မှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)