အမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပပြုလုပ်





MNP  -   ဇန်နဝါရီ  ၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြည်သူများအပန်းဖြေနိုင်ရေးအတွက်ဖျော်ဖြေရေးအစီအစဥ်များဖြင့် ယနေ့ ွညနေ(ရ)နာရီအချိန်တွင် မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။


ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖျော်ရေးအစီအစဥ်များတွင်ရခိုင်စည်တော်ဖြင့်ရခိုင်ရိုးရာသျှင်ဒိုင်အက၊ရခိုင်တိုမြေလာတော့လေ၊ရခိုင်ဘဝတေးသံသာ၊နှစ်ပါးသွားအကချင်းရိုးရာအက၊ထာဝရသစ္စာအက၊ပလောင်ရိုးရာအက၊ဦးရွှေရိုးနှင့်ဒေါ်မိုးအက၊ရှင်တော်ရှင် တော် များဖြင့်ကပြဖျော်ဖြေပြီးဖျော်ဖြေရေးအဖွဲ့များတေးဂီတ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်လျက်ရှိသည်။


      ယင်းသို့  ဖျော်ဖြေရေးပွဲများကို ဇန်နဝါရီ (၃) ရက်နေ့နှင့် (၄) ရက်နေ့ (၂)ရက်တိုင်တိုင် အဆိုပါ နေရာ များ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အလားတူ အမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်လည်း လွတ်လပ် ရေးနေ့အထိမ်း အမှတ်အဖြစ် အားကစားပြိုင်ပွဲများကိုမြို့မအား ကစားဘောလုံးကွင်းကြီးတွင် နံနက် (၇)နာရီ အချိန်မှစ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)