ကဝမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲကို ညောင်ပင်ဘော်လီဘောကွင်း၌ ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။


အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစစ်နိုင်ဦးတို့က ကြည့်ရှုအား ပေးခဲ့သည်။ ပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာအတွင်းရှိ အသင်း(၆)သင်းတို့က ယှဥ်ပြိုင် ကစားကြမှာဖြစ်သည်။ ဖိုင်နယ်ပွဲစဥ်အဖြစ် (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်ပြီး၊ ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)