ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ နေကြာစိုက်ခင်းအား ရေနှင့်အဟာရတိုက်ကျွေးခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ ဘိုင်အိုစူပရင်းသဘာဝမြေဩဇာပေးအပ်ပွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ နေကြာစိုက်ခင်းအား ရေနှင့်အဟာရတိုက်ကျွေးခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ ဘိုင်အိုစူပရင်းသဘာဝမြေဩဇာပေးအပ်ပွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွ




MNP  -  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာရှိ နေကြာစိုက်ခင်းအား ရေနှင့်အဟာရတိုက်ကျွေးခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ အူကျွန်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပေးစခန်း၌ ဆိုလာစနစ်ဖြင့် ရေတင်ခြင်းအားကြည့်ရှုစစ်ဆေးခြင်း၊ ဘိုင်အိုစူပရင်းသဘာဝမြေဩဇာပေးအပ်ပွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝါးခယ်မမြို့နယ်၊ ရေလိန်အုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ နေကြာစိုက်ခင်း (ရေတွင်းကုန်းကွင်းအမှတ် ၁၀၁၄/ခ၊ ဦးပိုင်အမှတ် ၇/၁)သို့ရောက်ရှိလာပြီး ဦးဝင်းမောင်ပါတောင်သူ(၁၁)ဦး လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ(၁၁)ဧကအတွင်းအား ရေနှင့်မြေဩဇာကျွေးခြင်းကို ကြည့်ရှုစစ်ဆေးခြင်း၊ အူကျွန်းကွင်းအမှတ် ၁၀၁၅၊ ဦးပိုင်အမှတ်(၅၁/၆) တောင်သူ ဦးဘမြင့်လုပ်ကိုင်ခွင့်ရရှိထားသော လယ်ယာမြေ(၆)အတွင်း နွေစပါး(ဆင်းသုခ)ပျိုးခင်းအား ဆိုလာစနစ်ဖြင့်ရေတင်ဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်သိန်းထွန်းတို့က မြို့နယ်အတွင်းနွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိခန်းမသို့ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစွမ်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)