စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP   -   ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရသည်။


အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကို “မင်္ဂလာပါဟု” နှုတ်ခွန်းဆက်သ၍ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၏ လုံခြုံရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာများ၏ လုံခြုံရေးနှင့် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများ၊ ရုံးအတွင်း၊ အပြင်သန့်ရှင်းရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များကို ဆွေးနွေး မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အောင်သူက ပြည်သူတို့၏ လုံခြုံရေးကိစ္စရပ်များကို ထပ်ဆင့်ဆွေးနွေးပြောကြားခဲ့သည်။


 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်းမှ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံအကျိုး ဆထက်ထမ်းပိုးကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးတင်အေးက မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။


 ဆက်လက်၍ ကျန်ရှိနေသေးသည့် လုပ်ငန်းများတွင်လည်း အားလုံးပူးပေါင်းကူညီကြရန် တိုက်တွန်းပြောကြားသွားခဲ့ပြီး၊ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းများကို တစ်ဦးချင်း ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ်၍ ထပ်ဆင့်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)