မြောက်ဦးမြို့၌ မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့နယ်မီးသတ် တပ်ဖွဲ့ ဝင်များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့နယ်မီးသတ် တပ်ဖွဲ့ ဝင်များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်




MNP  -   ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌  မီးဘေးလုံခြုံရေးနှင့်မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးကို အမှတ်(၃၁) ရဲတပ်ရင်း သို့ ယမန်နေ့က  မီးဘေးလုံခြုံရေးနှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းဦးဆောင်၍ မီးဘေးအန္တရာယ်ကြို တင်ကာ ကွယ်ရေး ကွင်း ဆင်းစစ်ဆေးရာတွင် မီးဘေး လုံခြုံမှုရှိစေရန် မီးသတ်ဆေးဗူးများ ထားရှိခြင်းရှိ/မရှိ ၊ လျှပ်စစ်မီးများ စနစ်တကျတပ်ဆင်သုံးစွဲမှု၊ ထင်းနှင့် မီးသွေးများဖြင့် စနစ်တကျမီးသုံးစွဲရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးသတ်ကပ်ပြား၊ မီးသတ် လှေကား များစီစဉ်ဆောင်ရွက် ထားရှိရန်နှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းစနစ်များကိုရှင်းပြ၍ လက်တွေ့မီးငြိမ်းသတ် နည်း သရုပ်ပြသခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း နှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)