MNP - ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေ စာရင်းနှင့် မြေပြင်လူဦး ရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး အတွက် တိုက်ဆိုင်စစ်ဆေး ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ အချိန် က စတင်ကွင်းဆင်းစစ်ဆေးလျှက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ကြီးကြပ် ဆောင် ရွက်လျှက်ရှိသည်။ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ဖြစ်သော အလယ်ဈေးရပ် ကွက် နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မှ ဝန် ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရင်း ကောက်ယူရာတွင် မြေပြင်စာရင်းကောက်အဖွဲ့တို့မှ အိမ်ထောင်စုစာရင်းနှင့်မြေပြင်လူဦး ရေ စာ ရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်း ဆင်းစစ်ဆေး လျှက် ရှိကြောင်းသိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment