ပေါင်မြို့နယ် အထက ပေါင်၌ ကျောင်းသား/သူများအားဂိမ်းအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အထက ပေါင်၌ ကျောင်းသား/သူများအားဂိမ်းအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်





MNP  -  ဇန်နဝါရီ  ၁၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်  တွင် ကျောင်းသား/သူများအားဂိမ်းအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကိုယနေ့နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ၌  ဟောပြောခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် အထက ပေါင်ကျောင်း တာဝန်ခံက က ဂိမ်းဆော့ခြင်းဖြင့် မိမိပညာရေးထိခိုက် နိုင်ကြောင်း ကျောင်းနေချိန်တွင် ဂိမ်းဆော့ကစားခြင်းဖြင့် စာကျက်ချိန်ထိခိုက်နိုင်ကြောင်း မိမိတို့အကျိုးရှိသည့်အရာများကိုသာဦးစားပေး‌ဆောင်ရွက်သင့်‌ကြောင်းအမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ရဲမင်းထွေး က ဂိမ်းဆော့ကစားခြင်းသည်ကျောင်းသား/သူများ၏အမြင်အာရုံကိုထိခိုက်နိုင်ခြင်းကြောင့်အချိန်အခါနှင့်ဆော့သင့်ကြောင်း၊ဂိမ်းကိုဆော့ခြင်းသည်မိမိအသက်အန္တရာယ် ပါထိခိုက်နိုင်သောကြောင့် မဆော့လျင်မိမိအတွက်ပိုပြီးသင့်တော်ကြောင်းယခုအရွယ်သည်ပညာရှာသည့်အရွယ်ဖြစ်သောကြောင့် ကျောင်းစာကိုသာ လေ့လာကျက်မှတ်ကြဖို့လိုအပ်ပါကြောင်းဟောပြောဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတွေရဲ့အသက်အိုးအိမ်များကိုကာကွယ်စောင့်ရှောက်ပေးသည့်အပြင် ကျောင်းသား/သူများအနေဖြင့်မလိုလားအပ်သော ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)