ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း နေပြည်တော်တိုင်းအဆင့် ပညာရေးစုံညီပွဲတော်သို့တက်ရောက်အမှာစကားပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း နေပြည်တော်တိုင်းအဆင့် ပညာရေးစုံညီပွဲတော်သို့တက်ရောက်အမှာစကားပြော




MNP  -   ဇန်နဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် နေပြည်တော်တိုင်းအဆင့် ပညာရေးစုံညီပွဲတော်ကို အနော်ရထာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား/သူလေးများက စုံညီပွဲတော်ဒို့နွှဲပျော်အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အထက(၁) နေပြည်တော်မှ ကျောင်းသား/သူလေးများက လောကအားမာန် အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အခြေခံဆရာ/မများ အထူးမွမ်းမံသင်တန်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ စာရေးဝန်ထမ်းအခြေခံ သင်တန်းနှင့် ASEAN QUIZ ပြိုင်ပွဲများတွင် ပထမဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် နေပြည်တော်ကိုယ်ပိုင် ကျောင်းများအသင်းမှ သင်ရိုးသစ်သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်းပ ဟေဠိပြိုင်ပွဲပြခန်း၊ စွန့်ဦးတီထွင်ပြခန်း၊ ခြင်းအလှခတ်သရုပ်ဖော်ခြင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲသည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းနားကို ဆက်လက်ကျင်းပရာ အင်္ဂလိပ်စာစွမ်း ရည်တိုင်းအဆင့် ဆုရရှိသူများ၊ သင်္ချာစွမ်းရည်တိုင်းအဆင့်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်း အမှတ် တိုင်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲဆုရရှိသူများ၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပညာတန်ဆောင်နှစ်ပတ် လည်အထိမ်းအမှတ် ဘာသာပြန်ပြိုင်ပွဲ၊ ဝတ္ထုလတ်၊ ဝတ္ထုတို ပြိုင်ပွဲများနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက ပန်းပျိုးသူ တေးသရုပ်ဖော်ဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)