တိုက်ကြီးမြို့နယ် အ.ထ.က (တိုက်ကြီး) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ် အ.ထ.က (တိုက်ကြီး) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (တိုက်ကြီး) ကျောင်း အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။


 ​ရှေးဉီးစွာ အထက (တိုက်ကြီး) ကျောင်း Grade 10 မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆို၍အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး Grade 7 မှ ကျောင်းသူများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်သီတာမင်းက အဖွင့်အမှာစကား ပြောကြားကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးအောင်က အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်းနှင့် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် အ.ထ.က (တိုက်ကြီး) ကျောင်းမှ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ​ကပြသီဆို​ဖျော်ဖြေခဲ့ကြောင်း သိရသည်။


အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုက်ကြီးခရိုင် ပညာရေးမှူးနှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


စန်းကလျာခိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)