သရက်မြို့နယ် ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့နယ် ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP  -  ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတုပြည့်ဝစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။


အဆိုပါဟောပြောပွဲတွင် လက်ထောက်ပညာရေးမှူး ဦးမြင့်ကျော်က ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပညာရေးစနစ်ကိုလည်း ပြောင်းလဲလာတာဖြစ်၍ ကျောင်းစာသာမက ဗဟုသုတရရှိစေမည့် စာပေများဖတ်ရှုကြရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်လူရွယ်များ စိတ်ဓာတ်စည်းကမ်းကောင်းပြီး လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံစေရန် မိမိ၏အားလပ်ချိန်များတွင် ဘဝအတွက်အကျိုးရှိမည့် စာကောင်းပေမွန်များဖတ်ရှုကြရန် ပြောကြားပေးခဲ့သည်။


ထို့နောက် သရက်မြို့နယ် ထန်းရုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးက ယခုလို မိမိကျောင်းမှ ကျောင်းသား/ကျောင်းသူများအား  အသိပညာ၊ ဗဟုသုတများ လာရောက်ပြောကြားပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)