ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ






MNP  -  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၂၀၂၂ ခုနှစ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီအချိန် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဌာန ဝန်ထမ်းများက ဗုဒ္ဓပူဇနိယ ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ ၊ ၂၀၂၂ ခုနှစ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့သည့် အရန်သားဖွားများနှင့် စေတနာဝန်ထမ်းကျန်းမာရေးလုပ်သားများနှင့် ကျေးရွာတာဝန်ခံများ ၊ရပ်/ကျေးစာရေးများနှင့် အုပ်ချုပ်ရေးမှူးများ၊ ၂၀၂၂ ခုနှစ် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၏ ပြည်သူ့ဝန်ထမ်းကောင်းဆုများ၊ ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် အထူးဆုနှင့် ပြည်သူကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စွမ်းဆောင်ရည် ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ရှိသူများက  ဂုဏ်ပြုလွှာနှင့် ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြရာ တာဝန်ရှိ ဆုရရှိသူများက လက်ခံရယူကြသည်။ ထို့နောက်  ကျန်းမာရေး ဝန်ထမ်းများက ဗျာလသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြိုလူမျိုး၊ သက်လူမျိုးများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအား ကံစမ်းမဲဖောက် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)