မိုင်းယောင်း၌ အရိပ်ရပန်းပင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ အရိပ်ရပန်းပင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်


MNP  -  ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရိပ်ရပန်းပင်များ ရှင်သန်ဖြစ်ထွန်းစေရေးအတွက် “ဖြူစင်မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုအသင်း”မှ ယမန်နေ့တွင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုင်းယောင်းမြို့သို့ ရောက်လာသူများ စိတ်ကြည်နူးချမ်းမြေ့စေပြီး သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်စေရန် မြို့အဝင် ပါလောင်းကျေးရွာနှင့် ယမ်းခမ်းကျေးရွာအနီး မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီး လမ်းဘေးတစ်လျှောက်တွင် စိုက်ပျိုးထားရှိသော အရိပ်ရပန်းပင်များ ဖြစ်သည့် ချယ်ရီပင် ၅၀ နှင့် စိန်ပန်းပြာပင် ၂၀၀  ရှင်သန်ဖြစ်ထွန်းစေရေးအတွက် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေလောင်း ပေါင်းသင်ပေးခြင်းနှင့် အကာအကွယ်ရစေရန် စနစ်တကျ ကာရံပေးခြင်း စသည့် ပြုစုထိန်းသိ်မးခြင်းလုပ်ငန်းများကို “ဖြူစင်မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုအသင်း”မှ အသင်းသူ အသင်းသားများက စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)