MNP - ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများ နှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာမ ခင်လေး (ပြည်ထောင်စုနယ်မြေ)ရေးသားထားသည့် “ချစ်လှစွာသော မြန်မာမလေးသို့” စာအုပ်ကို ယနေ့မွန်းလွဲ ၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ -ပျဉ်းမနား)နှင့် အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမ ခင်လေး (ပြည်ထောင်စုနယ်မြေ)
ရေးသားထားသည့် “ချစ်လှစွာသော မြန်မာမလေးသို့” စာအုပ်တွင် ပါရှိသည့် စစ်မှန်တဲ့အလှ တရားဆိုတာ၊ ယဉ်ကျေးထက်မြက်တဲ့သူဖြစ်ပါစေ၊ တန်ဖိုးရှိအောင်ထားတတ်ရမယ်၊ အချိန်နဲ့အမျှ ကြိုးစားနေသူဖြစ်ပါစေ၊ မှားရဲရင် ပြင်ရဲရမယ်၊ မိန်းမတစ်ယောက်ရဲ့ တန်ဖိုး၊ ရိက္ခာကို သိက္ခာနဲ့ မလဲမိပါစေနဲ့ ခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment