မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မ (အ.လ.က) ကျောင်းတွင် ပညာရေး စုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မ (အ.လ.က) ကျောင်းတွင် ပညာရေး စုံညီပွဲတော် ကျင်းပ





MNP  -  ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်ပညာရေးမှူး ၊ ‌ကျောင်းအကျိုးတော်ဆောင်များ ၊ဆရာ၊ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို မြို့မအခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမများက  မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမာက ကျောင်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။       


ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးနှင့် ကျောင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီ ကာယ၊ဉာဏ ထူးချွန်ဆု ရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ လေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)