ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်)၌ မြိုနယ်အဆင့် ပညာရေး စုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်)၌ မြိုနယ်အဆင့် ပညာရေး စုံညီပွဲတော် ကျင်းပ


MNP  -  ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမ၌ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်) Grade-8 မှ ကျောင်းသား/ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်"သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်းကပညာရေးဆိုင်ရာ အချက်အလက်များနှင့် စုံညီပွဲ‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ‌ ဒေါ်ညွန့်ညွန့်ဌေးနှင့် တာဝန်ရှိသူတို့မှ ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကာကျောင်းသား/ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်းသိရသည်။


အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဥက္ကဋ္ဌဒေါ်ညွန့်ညွန့်‌ဌေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)