ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် ပဲတီစိမ်းများ ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် ပဲတီစိမ်းများ ဈေးကောင်းရရှိ




MNP  -    ဇန်နဝါရီ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေ အသုံးပြုစိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်း တစ်တင်း ၄၇၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။


ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် နိုဝင်ဘာလမှစတင်ကာ ပဲတီစိမ်းများ စတင်ကြဲပက် စိုက်ပျိုးခဲ့ကြောင်း တစ်လခွဲခန့်အကြာတွင် ပဲတီစိမ်း စိုက်ခင်းများ အဖူး၊ အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် ပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်း သိရ သည်။ ပဲတီစိမ်း ဆွတ်ခူးချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သမ တစ်ကြိမ် ဆွတ်ခူးဖို့ အယောက် ၂၀ လိုအပ်ကာ ပဲတီစိမ်း ကောက်သမတစ်ဦးလျှင် တနေကုန်၃၀၀၀ကျပ်ပေးရကြောင်း ၊ပဲတီစိမ်းဆွတ်ခူးပြီး တစ်ရက်လောက်နေလှန်းကာ အစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာ မြေ အောက်ရေအသုံးပြုနွေပဲတီစိမ်းစိုက်တောင်သူ ဦးတိုးဝင်းက ရှင်းပြသည်။ ပဲတီစိမ်းတစ်တင်း ပိသာချိန် ၁၉ပိသာရှိကာ တစ်တင် ၄၇၀၀၀ ကျပ်နှုန်း ရောင်းချရခြင်းကြောင့် မနှစ်က ဈေးနှုန်းထက် ရောင်းချရခြင်းကြောင့် တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း သိရပြီး နွေပဲတီစိမ်း စိုက်တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံက သိရသည်။                                                                


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)