ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု




MNP -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အိမ် ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးမြို့နယ်အဆင့်ဆောင်ရွက်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၉ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်း ကောက်ယူရေး အဖွဲ့များက မြိုနယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌‌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


 အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူသည့်နေရာများသို့မြေပြင်ကွင်းဆင်းစာရင်း‌ကောက်ယူရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ရဲမှူးခင်မောင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၊ ဦးလှတင့် ၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီတို့က စာရင်း ကောက်ယူရေး အဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးအတွက်မြို့ပေါ် ရပ်ကွက်များရှိ  တာဝန်ကျ စာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအား (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းအား  ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


 (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/‌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ က ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ စာရင်းမှန်ရရှိရေး ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)