ပခုက္ကူတက္ကသိုလ်၏ (၂၂) နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၏ (၂၂) နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကျင်းပ





MNP  -  ဇန်နဝါရီ ၂၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၂)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့အထိမ်း အမှတ်သီချင်းဆိုပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်(ဘွဲ့နှင်းသဘင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်ဌာနပေါင်းစုံမှ ကျောင်းသူများက “အညာရဲ့တမာ”တက္ကသိုလ်သီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ကြသည်။


ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ဌာနပေါင်းစုံမှ ကျောင်းသူ(၉) ဦးက “မြန်မာသံဇဉ်” သီချင်းများဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးက “အင်္ဂလိပ်” သီချင်း များဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးက “စတီရီယို”သီချင်းများဖြင့်လည်းအကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်သီဆိုကြပြီး အကဲဖြတ်ဒိုင်ချုပ်နှင့် ဒိုင်လူကြီး(၄)ဦးတို့က ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ စိစစ်အကဲဖြတ်အမှတ်ပေးကြရာ အရှေ့တိုင်းပညာဌာနမှ မဟာဝိဇ္ဇာ (ဒုတိယနှစ်)ကျောင်းသူ မနှင်းဟေမာဦးက “ဆောင်းအမီ” မြန်မာသံဇဉ်တေးသီချင်းဖြင့်လည်းကောင်း၊ အင်္ဂလိပ်စာဌာနမှ(ပထမနှစ်)ကျောင်းသူ ခရစ္စတီဗဲန်နှမ်ကိမ်းက “You Raise Me Up” အင်္ဂလိပ် တေးသီချင်းဖြင့်လည်းကောင်း၊ ရူပဗေဒဌာနမှ မဟာသိပ္ပံ(ဒုတိယနှစ်)ကျောင်းသား မောင်ထက်အောင်မျိုးက “လွမ်း” စတီရီယိုတေးသီချင်းဖြင့်လည်းကောင်း ပထမဆုများ အသီးသီးဆွတ်ခူးရရှိကြသည်။


ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက (၂၂) နှစ်ပြည့် တက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်သီချင်းဆိုပြိုင်ပွဲ အမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ငွေသားဆုများနှင့် ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ အကဲဖြတ်ဒိုင်ချုပ်နှင့် ဒိုင်လူကြီးများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ကြကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး အဆိုဝါသနာရှင်များက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)