၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ


MNP  -  ဇန်နဝါရီ ၃

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်  ဝန်ထမ်းပေါင်းစုံ ဖူဆယ်(အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီက  A21 ဖူဆယ်အားကစားကွင်း၌ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။


ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖူဆယ်(အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲတွင် အား/ကာအသင်းက ဆောက်လုပ်ရေးအသင်းကို (၈)ဂိုး(၇)ဂိုးဖြင့်လည်းကောင်း၊ မီးသတ်(ခ)အသင်းက မြို့ပြအိမ်ရာအသင်းကို (၁၀)ဂိုး (၅)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။


ဝန်ထမ်းပေါင်းစုံ ဖူဆယ်(အမျိုးသား) ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ(၃၀)ရက်နေ့ကစတင်၍ ယှဉ်ပြိုင်ကစားခဲ့ရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ရှိ ဆောက်လုပ်ရေးအသင်း၊ အား/ကာအသင်း၊ မီးသတ်(က)အသင်း၊ မီးသတ်(ခ)အသင်း၊ မြို့ပြအိမ်ရာအသင်း၊ စိုက်ပျိုးရေးနှင့်သစ်တောအသင်း၊ "ဝ"တိုင်းထွေ/အုပ်အသင်းစသည့် ဖူဆယ်ဘောလုံးအသင်း(၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများအား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနား၌ ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇင်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)