MNP ၊ ဒီဇင်ဘာ ၈
ယမနေ့ ညနေ ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၏ နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ က "ကျွန်တော်တို့က ရပ်ကျေးတွေမှာ ပါတီဝင်တွေနဲ့ လိုက်လံတွေ့ဆုံတယ်။ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေ ကျင်းပတယ်။ တချို့တွေကြတော့ စိုးရိမ်စိတ်လေးတွေ ရှိနေတယ်ပေါ့နော်။ အိမ်မှာ ရှိတဲ့ ဘယ်သူက ဆိုင်းဘုတ်မထောင်စေချင်ဘူး။ အကြမ်းဖက်သမားက ရန်ပြုလာမှာကို စိုးရိမ်တာပေါ့နော်။ အန်ကယ်ကတော့ ပြောပြတယ်။ မစိုးရိမ်ဖို့။ တွေ့ဆုံပွဲတွေမှာလည်း ညီညီညွတ်ညွတ် ရှိကြဖို့ ပြောပြပါတယ်။ စံပြအနေနဲ့လည်း ကိုယ့်အိမ်မှာ ကိုယ်တိုင် ဆိုင်းဘုတ်တင်ထားပါတယ်ဆိုတာကို ပြရမယ်။" ဟု ပြောသည်။
ဆိုင်းဘုတ်တင်ပွဲကို ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment