ကျိုက်ထိုမြို့နယ်‌မြေဩဇာကြီးကြပ်ရေး ကော်မတီမှ နွေစပါးနှင့်ဆောင်းသီးနှံ စိုက်တောင်သူများအား(ယူးရီးယား)ဓါတ်မြေဩဇာဖြန့်ဖြူးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်‌မြေဩဇာကြီးကြပ်ရေး ကော်မတီမှ နွေစပါးနှင့်ဆောင်းသီးနှံ စိုက်တောင်သူများအား(ယူးရီးယား)ဓါတ်မြေဩဇာဖြန့်ဖြူးပေး




MNP  -  ဇန်နဝါရီ ၃၁

     မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြား ချက်အရကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် တောင်သူများနှင့်ဆောင်းမြေပဲ၊ဆောင်း နှမ်းစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့်တောင်သူများ အထွက်နှန်းတိုးတက်စေရန် (ယူးရီးယား) ဓါတ်မြေဩဇာများကိုမြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ ဆဌမအကြိမ်အဖြစ် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။


       ထိုသို့ဖြန့်ဝေရာတွင်နွေစပါးနှင့်ဆောင်းမြေပဲ၊ဆောင်းနှမ်းစိုက်ပျိုးသည့်ကျေးရွာ (၇)ရွာအတွက် စုစုပေါင်း (ယူးရီးယား)မြေဩဇာ(၁၀၁၁) အိတ် အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီဝင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ် ဦးဆောင်၍အဖွဲ့ဝင်များကစနစ်တကျခွဲဝေပေးခဲ့ရာ သက်ဆိုင်ရာကျေးရွာ(၇)ရွာမှကျေးရွာတာဝန်ခံများကလာရောက်ထုတ်ယူကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)