ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ



MNP  -   ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများ အသုံးပြုပြီး ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးရောင်းချရာတွင် အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိနေကြောင်း သိရသည်။


ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မေမြို့ပန်း (၀၀ဒသမ၃၀)ဧက စိုက်ပျိုးထားကြောင်း၊ ယခင်နှစ် ပန်းမျိုးစေ့ချန်ထားပြီး စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမှုစနစ်မှာ ရေလောင်းဖို့ သင့်တော်သော ကျင်းဘောင်ကို ၁၅ပေ၊ ၃ပေခန့် ပြုလုပ်ရကြောင်း၊ မေမြို့ပန်းစိုက်ပျိုးရန်အတွက် မြေဩဇာအဖြစ် နွားချေး၊ ပုလဲမြေဩဇာ၊ ရွက်ဖျန်းဆေးများ သုံးပြီးစိုက်ပျိုးရကြောင်း၊ နွားထယ်တစ်ရှဉ်းကို ခုနှစ်ထောင်နှုန်းပေးရကြောင်း၊ (၀၀ဒသမ၃၀)ဧကကို နှစ်ပုလင်းစိုက်ပျိုးထားကြောင်း၊ မေမြို့ပန်းတစ်ပင်လျှင် အပင်အသေး(၁၀၀) ကျပ်၊ အပင်အကြီး(၂၀၀)ကျပ်နှုန်းဖြင့် အပင်ပေါ်မူတည်၍ ရောင်းချရကြောင်း၊ မေမြို့ပန်းပင်များကို ငွေကျပ်(၄၀၀)စျေးနှုန်းဖြင့် ဖောက်သည်စျေး ရောင်းချရကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် မေမြို့ပန်းစိုက်ပျိုးတောင်သူ နည်းပါးသောကြောင့် စျေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဦးဆန်းဝင်းက ပြောကြားသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)