MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့အ.ထ.က-ပေါက်တောကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးဆန်းထွန်းကအဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မျိုးသန့်က ဝမ်းမြောက်ကြောင်းသြဝါဒစကားပြောကြားခြင်း၊ အ.ထ.က-ပေါက်တော၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပြသပေးသောဆရာ/မများအား ဆုများအသီသီးချီးမြှင့်ခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်း ပညာရည်ချွန်ဆုနှင့် အားကစားထူးချွန်ဆု ရရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြသည်။
ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အ.ထ.က-ပေါက်တောကျောင်းမှ အထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment