အမ်းမြို့နယ်၌ မြေပြင်တစ်အိမ်တစ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၇၆) ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မြေပြင်တစ်အိမ်တစ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၇၆) ဖွဲ့ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိ




MNP  -   ဇန်နဝါရီ ၁၃

         ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊  အမ်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၇၆ ဖွဲ့ဖွဲ့ကာစာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။


ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်းကောက်ယူနေ မှုအားအ​ထွေထေ​ွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေအေး၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​ကျော််မင်းထွန်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးမင်းဦးနင့်တာ ဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် များအတွင်းလှည့် လည်ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။


အမ်းမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၇ ရပ်ကွက် နှင့်  ကျေးရွာအုပ်စု ၂၉ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)