မြန်အောင်ဗုဒ္ဓမြတ်စွယ်တော် နဝမအကြိမ်မြောက် လှည့်လည်အပူဇော်ခံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ဗုဒ္ဓမြတ်စွယ်တော် နဝမအကြိမ်မြောက် လှည့်လည်အပူဇော်ခံပွဲ ကျင်းပ


MNP  -  ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ၊ မြန်အောင် ဗုဒ္ဓမြတ်စွယ်တော် နဝမအကြိမ်မြောက်ပူဇော်ခံပွဲကိုမြန်အောင်မြို့ ပရဟိတ မြို့ရွှေ ကျောင်းတိုက် အတွင်းကျင်း ပပြုလုပ်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဗုဒ္ဓမြတ်စွယ် တော်အား မင်္ဂလာဆင်တော်ဖြင့် မြန်အောင်မြို့တွင်းသို့ လှည့်လည် အပူဇော်ခံပွဲ ကျင်းပပြု လုပ်ခဲ့သည်။


ရှေးဦးစွာ မြန်အောင်ဗုဒ္ဓမြတ်စွယ်တော်အား မြို့နယ်သံဃနာယက ဆရာတော် ကြီးများ၊  မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီး အကဲများက ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာဆင် တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ကြသည်။


ဆက်လက်၍ သာသနာ့အလံကိုင်ကျောင်းသား/ကျောင်းသူများ၊ ဥပသကာများ၊ စည်တော်ကြီးကား ၊ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်မည့် မင်္ဂလာဆင်တော်၊ မြင်း ၊ ဒေဝါဝင်း ရာဇာဝင်းများ၊ အိုးစည်ဝိုင်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ပရိတ်အသင်းများ၊ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာအကြီးအကဲများဖြင့် စည်ကား သိုက်မြိုက်စွာဖြင့် မြန်အောင်မြို့အတွင်းသို့ မြန်အောင်ဗုဒ္ဓမြတ်စွယ်တော် နဝမအကြိမ် မြောက် လှည့်လည်အပူဇော်ခံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)