(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆိုင်းငင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆိုင်းငင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ ၂

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဆိုင်းငင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာလ ၃၁ ရက် နံနက်၁၀နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဒေါ်အိအိခင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အမှာစကားပြောကြား ရာတွင်  “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရန် ရည်ရွယ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ဆိုင်းငင်းကျေးရွာကုန်ထုတ်လမ်း(၁/၄)မိုင် မြေသားသဲဗြုန်းလမ်းကို ၂၀၂၂−၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ချမ်းမြေ့ဇမ္ဗူကုမ္ပဏီမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၈၇.၃၇) သန်းဖြင့် (၄-၇-၂၀၂၂)မှစတင်၍ (၃၁-၈-၂၀၂၂)ရက်နေ့တွင် ကုန်ထုတ်လမ်းအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လမ်းရေရှည်တည်တံ့ခိုင်မြဲစေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကျေးရွာ ကုန်ထုတ်လမ်းကော်မတီမှ ဦးဆောင်၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့်ပူးပေါင်းပြီး ထိန်းသိမ်းဆောင် ရွက်စေလိုကြောင်း” ပြောကြားခဲ့ပြီး ဆိုင်းငင်းကျေးရွာသူကျေးရွာသားကိုယ်စား ဦးခွန်အောင်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်ပြီး လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းစံထွန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှမြင့်တို့က အဆိုပါကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 


အဆိုပါကုန်ထုတ်လမ်းသည် ဒေသခံကျေးရွာနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ပိုမိုအဆင်ပြေလာစေနိုင်ပြီး မြစိမ်းရောင်စီမံကိန်းအား မပျောက်ပျက်အောင် ကျေးရွာများမှ ထိန်းသိမ်းစောင့်ရှောက်သွားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဟိုနမ့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေထွန်းမှပြောကြားခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)