ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲကျင်းပ






MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများမှ အခမ်းအနား တက်ရောက်လာသူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေး ခြင်း များ ဆောင်ရွက်ခြင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တက် ရောက် လာ သူများမှ အလေးပြုကာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံ တော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ် လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက ဖတ်ကြားခဲ့ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မောင်တောခရိုင်အတွင်း ပညာရေး ၊ကျန်းမာရေး ၊ လူမှုရေး နှင့် အခြား ကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောက်ရွက်ခဲ့သူများ ၊ ၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ ၄ ရက် စိန်ရတုလွတ်လပ် နေ့အထိမ်းအမှတ်အကြို ကျင်းပပြု လုပ်ခဲ့ သော အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ သူများ နှင့် ကလေး ပြိုင်ပွဲတွင် ဆုရရှိသူကလေးများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ 


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း  နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် အဖွဲ့ဝင်များ ၊  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအသင်းဝင်များ၊ ဆရာ/မ များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  မိဘ ပြည်သူများ  စုစုပေါင်း အင်အား(၅၀၀)ခန့်တက်ရောက်ခဲ့ကြပြီး  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးချုပ်မှထုတ် ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်း စာစောင် (၃၅၀)စောင် အား မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက် လာ သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။ 


အောင်ကျော်စိန်/သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)