နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅၇၂၄)သိန်းကို ချောင်းဆုံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅၇၂၄)သိန်းကို ချောင်းဆုံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်




MNP  -   ဇန်နဝါရီ   ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅၇၂၄)သိန်းကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂:၃၀)နာရီက ကျွန်းသာယာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားရာ ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားရေးမြှင့်တင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သမဝါယမဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး တောင်သူလယ်သမားများ တစ်ဦးချင်းဝင်ငွေတိုးပွားလာစေရန် နိုင်ငံတော်အစိုးရအနေဖြင့်အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ  ကဏ္ဍအလိုက် ချေးငွေများထောက်ပံ့ပေးအပ်ခဲ့ရာ  တောင်သူများကိုယ်စား ခရိုက်နှီးဟုကျေးရွာမှ တောင်သူဦးမြင့်ကိုကိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တောင်သူများ၏ လိုအပ်ချက်များကိုတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ချောင်းဆုံမြို့နယ် စီမံကိန်းကျေးရွာများကို အရင်းမပျောက် မတည်ရန်ပုံငွေအဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် ငွေကျပ်(၃၃၂၄)သိန်း၊ မွေးမြူရေးကဏ္ဍအတွက် ငွေကျပ်သိန်း(၁၂၀၀)နှင့် သမဝါယမကဏ္ဍအတွက် ငွေကျပ်သိန်း(၁၂၀၀) စုစုပေါင်းငွေကျပ်သိန်း(၅၇၂၄)ကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)