စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ သီးနှံအရည်အသွေးမြင့်မားရေးနှင့် စျေးနှုန်းသေချာမှုရှိပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရမှုနှင့် ထိုက်သင့်သည့်အကျိုးခံစားနိုင်ရန် ပါဝင်ပတ်သက်သူအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရန်လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ သီးနှံအရည်အသွေးမြင့်မားရေးနှင့် စျေးနှုန်းသေချာမှုရှိပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရမှုနှင့် ထိုက်သင့်သည့်အကျိုးခံစားနိုင်ရန် ပါဝင်ပတ်သက်သူအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရန်လို


MNP  -  ဇန်နဝါရီ ၁၄

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ သီးနှံအရည်အသွေးမြင့်မားရေးနှင့် စျေးနှုန်းသေချာမှုရှိပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရမှုနှင့် ထိုက်သင့်သည့် အကျိုးခံစားနိုင်ကြစေရန် လယ်ယာကဏ္ဍလုပ်ငန်းကွင်းဆက် တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး တက်ညီလက်ညီဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များနှင့် ကြိတ်ခွဲရောင်းဝယ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာ စေရေးကြိုးပမ်းကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုက်တွန်းပြောကြားသည်။


ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံစဉ် ထိုသို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။


ထို့ပြင် ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ဝါသီးနှံကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ မိုးစပါးဧက ခြောက်သိန်းကျော်နှင့် နွေစပါးဧက ငါးသောင်းကျော်အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းအားပေးလျက်ရှိကြောင်း၊ နွေစပါးဧက ၂၅၀၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးနှင့်အတူ တောင်သူတစ်ဦးချင်း၏ ဝင်ငွေမြင့်မားလာရေးအတွက်လည်း ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်က မြို့သစ်မြို့နယ်အတွင်း နွေစပါးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့်လုပ်ငန်းရှင်များ၊ တောင်သူများကလုပ်ငန်းလိုအပ်ချက်နှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြ ကြရာ ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ ဒုတိယဝန်ကြီးသည် မင်းဘူးခရိုင်ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံပြီး နွေစပါးသီးနှံအတွက်လျာထားဆောင်ရွက်နိုင်မည့် ရေမြေသဘာဝအခြေအနေနှင့် အခွင့်အလမ်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်းများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရေသယံဇာတ၊ မြေသယံဇာတများကို ထိရောက်စွာအသုံးချပြီး သီးထပ်စိုက်ဧကများတိုးတက်ရေးစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာလုပ်ငန်းရှင်များ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစီမံကိန်းလုပ်ငန်းမှတောင်သူများ၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် သွင်းအားစုများထည့်သွင်းအသုံးပြုနိုင်ရေး၊ ‌သီးနှံဈေးနှုန်းနှင့် ဈေးကွက်သေချာရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးရေရရှိရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေး၊ နည်းပညာနှင့်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေပိုမိုရရှိမှုနှင့်အတူ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)