ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရသေ့တောင်မြို့နယ် ပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရသေ့တောင်မြို့နယ် ပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု






MNP  -   ဇန်နဝါရီ   ၁၅

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ရသေ့တောင်မြို့၊ မေယုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ဦးတည်ချက်များ၊ အမျိုးသားရည်မှန်းချက်များချမှတ်၍ ပန်းတိုင်အဖြစ်ဆောင်ရွက်လျက်ရှိရာ အစိုးရနှင့်အတူ ဌာနဆိုင်ရာများ၊ နိုင်ငံသူ၊ နိုင်ငံသားများကအတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအားလုံးက မိမိထမ်းဆောင်ရသည့် နေရာဌာနအလိုက် လုပ်ငန်းများအောင်မြင်အောင် စနစ်တကျ စီမံခန့်ခွဲကြရာမည်ဖြစ်ပြီး ရည်မှန်းချက်အတိုင်း အောင်မြင်အောင်လည်း တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ်ဖြင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ အပန်းဖြေမြို့ဖြစ်လာစေရေး၊ မြို့အဝင်အထွက် သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့က သက်ဆိုင်ရာဌာနများ၊ မြို့မိ၊ မြို့ဖများနှင့် ပေါင်းစပ် ညှိနှိုင်းဦးဆောင်၍ မြို့သူမြို့သားများ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ သောက်သုံးရေရရှိရေး၊ ရေငန်တားတာများတည်ဆောက်ပေးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအားရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်းဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက် ကုန်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် အဝတ်အထည်များ၊ ရပ်ကွက်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦး ရေစာရင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူနေမှုအခြေအနေများ အားလှည့်လည်ကြည့်ရှုအားပေးကြပြီး ရသေ့တောင်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံနေမှုကို ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူလေးများအား စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့၊ ကမ်းနားလမ်းကမ်း ပြိုကာကွယ်ရေးလုပ်ငန်းနှင့် ကမ်းပါးတည်ငြိမ် မှုရှိစေရန်သဲအိပ်ချခြင်းလုပ်ငန်း၊ ဘိုးပိုင်အခြေပြုကျောက်စီမြေ ထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြ သကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မေဃဝတီလမ်း ကျောက်ချောခင်းခြင်း၊ စောပြည့်ညိုလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် မြို့ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)