မော်လမြိုင်ကျွန်းမြို့နယ်၊ A (၉)လမ်း အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၊ A (၉)လမ်း အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာန၊ A(၉) လမ်း အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၂/၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ယနေ့ နံနက်  ၉ နာရီ အချိန်က အေ (၉)လမ်း အခြေခံပညာမူလတန်းကျောင်းရှေ့မျက်နှာစာ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊  ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်စန်းဝင်းနှင့် A (၉) လမ်း အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂/၂၀၂၃ ပညာသင်နှစ်အတွင်း လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲ၊ (၃၀)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ ပန်းချီပြိုင်ပွဲ၊  စိန်ရတုလွတ်လပ်ရေးနေ့ ခရိုင်အဆင့် စာစီစာကုံး/ဆောင်းပါးပြိုင်ပွဲများတွင် ထူးချွန်ဆုများ ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ (၉၃) ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ကျောင်းသား အားကစားပွဲတော်တွင် အပြေးပြိုင်ပွဲ၊ အလျားခုန်၊ ကြိုးခုန်၊ ကြက်ခွပ်ခြင်း၊ ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးတို့အား အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး A (၉) လမ်း အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေခြင်း၊ တေးသရုပ်ဖော်ဖျော်ဖြေ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရဲကိုမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)