MNP - ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဇန်နဝါရီ ၂ ရက်နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ၊ အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန် အဆုတ်ရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကိုထိုး နှံပေးပြီး၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဖြစ်ပြီး အမှတ်( ၃)ရပ်ကွက်၊ မူးထိန်၊ မူးဂွ၊ နတ်ပေး၊ ကန်ဇွန်းအင်း၊ နတ်အင်း၊ ထောက်ကြံ့၊ လမ်းမှန်၊ ထိန်တော၊ ကံသာလှနှင့်ငှက်ပျောတောကျေးရွာများမှ လာရောက် ထိုးနှံကြကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ဘက်စုံသားဖွားဆရာမ ဒေါ်သီတာထံမှသိရသည်။
အောင်ဝင်းငြိမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment