မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၁၆၆ )ဦး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၁၆၆ )ဦး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု


MNP  - ဇန်နဝါရီ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းသား ၁၅၀ ဦး၊ အကျဉ်းသူ (၁၆) ဦး၊ စုစုပေါင်း (၁၆၆)ဦးကို ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။


အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို  မြောင်းမြအကျဉ်းထောင်၊ မြဧရာခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်မောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးအုန်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ စခန်းမှူး ဒုရဲမှူး စိုင်းရွှေတိုး၊ ခရိုင်မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးသိန်းဌေးတို့နှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။


ထို့နောက် လွတ်မြောက်လာသော အကျဉ်းသား/ အကျဉ်းသူများကို သက်ဆိုင်ရာမြို့နယ်များသို့ အဆင်ပြေစွာပြန်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီမံမှုဖြင့် မော်တော်ယာဥ် (၈) စီး ဆောင်ရွက်ပေးပြီး၊ ခရီးစရိတ်၊ စားစရိတ်ငွေများ၊ လုပ်အားဆုငွေဆုငွေစာရင်း၊ မှတ်ပုံတင်များ နှင့်အတူ ပေးအပ်၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)