နမ္မတူမြို့နယ်တွင် အသက်ငါးနှစ်မှ (၁၂)အတွင်း ကျောင်းသားကျောင်းသူ(၉၀၆)ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် အသက်ငါးနှစ်မှ (၁၂)အတွင်း ကျောင်းသားကျောင်းသူ(၉၀၆)ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး


MNP  -   ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများ အား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နမ္မတူမြို့နယ် အမှတ် (၁၊ ၂၊ ၆) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂၊ ၈)နှင့် ကြူဆော့၊ နမ့်တောင်ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတို့ရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၉၀၆)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း  မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်ထံက သိရသည်။  


အဆိုပါ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်မာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ကျောင်သား/ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းကောက်ယူ ဖြည့်သွင်းပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လူမော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)