ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်






MNP  -    ဇန်နဝါရီ  ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြို သောအားဖြင့်  ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီ အချိန်  သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။


 အဆိုပါ ကလေး ပြိုင်ပွဲ များအား  ကလေး များ၏ ကာယ ၊ ဉာဏဖွံ့ဖြိုးမှုအတွက် မိဘများအလေးထား စနစ် တ ကျ ပြုစု စောင့် ရှောက်တတ်စေရန် နှင့် ကလေးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ရပ်ရွာ အတွင်းရှိ မိဘများက မိမိရင်သွေးအား တန်ဖိုးထား စောင့်ရှောက် စေ ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပြီး  ပြိုင်ပွဲများ အနေဖြင့် မုန့်ကိုက်ပြိုင်ပွဲ ၊ အပြေးပြိုင်ပွဲ ၊ ဇွန်းကိုက်ပြိုင်ပွဲ ၊ ဘောလုံးကောက် ၊လက်ဆင့်ကမ်း ၊ ဘောလုံးဖောက် ၊ကဗျာပြိုင်ပွဲ နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ တို့အား ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းသား ၊ကျောင်းသူ (၅၀)ဦးက လာရောက် ယှဉ် ပြိုင် ခဲ့ကြရာ မြို့နယ်မိခင်ကလေး/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကေသွယ်ခိုင် ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီး အရာရှိ ဒေါ် ခင် လှ နွယ်   ၊ မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်း ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင် ၊ ကိုယ် အား ကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ဆုရရှိသည့်ကျောင်းသား ၊ကျောင်းသူလေး များ အား (ပထမ၊ဒုတိယ ၊တတိယ) ဆု များ အား မူကြို ကျောင်းသား၊ကျောင်းသူလေးများထံသို့ အသီးသီး ပေးအပ် ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)