စစ်တွေမြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ





MNP  -  ဇန်နဝါရီ  ၂၅

စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း(စစ်တွေ)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီး အရာရှိ ဦးမြင့်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး အထက-၅(စစ်တွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။


လူငယ်စကားဝိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)မှ Grade – 11 ကျောင်းသူ မချစ်စု ဝေက လူငယ်နှင့်အနာဂါတ်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟနိုင်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်ဇော်မျိုးဝင်းက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊‌ Grade-10မှ မငယ်မိုးလှိုင်က လူငယ်နှင့် အင်တာနက်သုံးစွဲမှုခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။ 


ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေး အန္တရာယ်အသိပညာပေး ဓာတ်ပုံ၊မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာပေများခင်းကျင်းပြသထားမှု အားလှည့်လည်ကြည့်ရှု ခဲ့ကြသည်။


အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဦးမြင့်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)