ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းအမှိုက်ကောက်ပွဲ စစ်တွေမြို့၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းအမှိုက်ကောက်ပွဲ စစ်တွေမြို့၌ကျင်းပ




MNP  -  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းပါဝင်ပြီး စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပွိုင့်ကမ်းခြေ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေတပ်နယ်မှ တပ်မတော်သားများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများတက်ရောက်ကြသည်။


စုပေါင်းအမှိုက်ကောက်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း မိမိတို့နေထိုင်ရာ မြို့/ရွာများ သန့်ရှင်းသာယာသပ်ရပ်နေစေရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစွန့်ပစ်နိုင်ရေး ပလတ်စတစ်အပါအဝင်အမှိုက်များ သိမ်းဆည်းစွန့်ပစ်ခြင်းဆိုင်ရာ အချက်တစ်ချက်အနေဖြင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် လှုံ့ဆော်သည့်သဘောသက်ရောက်သော စုပေါင်းအမှိုက်ကောက်ပွဲများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယနေ့ဆောင်ရွက်သည့် အမှိုက်ကောက်ပွဲသည် လူထုလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးကြပ်မှု၍ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၊ ပြည်နယ်အဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာကော်မတီ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းဆိုင်ရာကော်မတီ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ အဖွဲ့ဝင်များနှင့်ပေါင်းစပ်ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းနှင့် ပြည်သူများပါဝင်သော အမှိုက်ကောက်ပွဲပြုလုပ်ခြင်းဖြင့် ပြည်သူများမှ လိုက်ပါဆောင်ရွက်ပြီး အစိုးရအဖွဲ့အစည်းများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များဝိုင်းဝန်းပြီး အမှိုက်ကင်းစင်ရေးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “စိမ်းလန်းသန့်ရှင်းသော အနာဂတ်ဆီသို့” အသိပညာပေးမြေစိုက်ပိုစတာအား စိုက်ထူပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများပါဝင်သည့် စုပေါင်းအဖွဲ့သည် လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် စစ်တွေမြို့၊  ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေတို့တွင်  ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)