MNP - ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော် တော်ဆိုင် ကယ် များအား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယဉ် များသက်တမ်းတိုးဆောင်ရွက်ခြင်းကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပြုလုပ်ပေး လျှက်ရှိ ကြောင်း သိရသည်။
အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်များအားယာဉ်လိုင်စင်ပြုလုပ်ပေးခြင်း နှင့် (၅) နှစ်အောက် သက်တမ်း တိုးဆောင်ရွက်မည့် မော်တော်ဆိုင်ကယ် နှင့် မော်တော်ယဉ်များအား မြို့တော်ခန်းမ၌ One Stop Service (OSS) ဖြင့် ရခိုင်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန မှ ဦးဆောင် ၍ မြန်မာ့အာမခံလုပ်ငန်း၊ အကောက်အခွန်ဦးစီးဌာန ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြောက်ဦး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြောက်ဦးမြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေး တို့ပူးပေါင်း၍ One Stop Service (OSS) စနစ်ဖြင့် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ဇန်နဝါရီလ ၃ ရက်နေ့ မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းပြတ် (၅) နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်သူများအနေဖြင့် အဆင်ပြေစေရန် ကူညီစီစဉ်ဆောင်ရွက်ပေးလျှက် ရှိသည်။
အဆိုပါမှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညန မှ မှတ်ပုံတင်ခ (၃၁၉၀၀) ကျပ်၊ မြန်မာ့အာမခံလုပ်ငန်း အာမခံကြေး (၄၁၅၀) ကျပ်၊ မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး (၃၀၀၀) ကျပ် ၊ ဘဏ်ငွေသွင်းချလန်ကြေး (၅၀၀) ကျပ် နှင့် နိုင်ငံအလိုက်ထုတ်လုပ်သော မော်ဒယ်အမျိုးအစားအလိုက်ပေးသွင်းရမည့် ဒဏ်ကြေးများလည်း အခွန်ပေးသွင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment