မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်


MNP  -   ဇန်နဝါရီ ၁၃

အိန္ဒိယသမ္မတနိုင်ငံမှ Virtual စနစ်ဖြင့် ကျင်းပသည့် Voice of the South Summit ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းတွင်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပါဝင်တက်ရောက်သည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနှင့်အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ပြီး အရေးပါသည့် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှု အများဆုံး နိုင်ငံဖြစ်ကြောင်း။


ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် ပိုမိုအားကောင်းစေရေးအပြင် စီးပွားရေးအလားအလာ ကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသွားလုပ်ငန်းများကောင်းမွန်စေရန် တိုက်တွန်း ဆောင်ရွက်သွားရေးနှင့် ပတ်သက်၍ အမြင်များဖလှယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ပိုင်းရှိ နိုင်ငံများ အားလုံးနှင့်နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပူးပေါင်းချိတ်ဆက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်အမှာစကား ပြောကြားကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)