စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး၊ သီတဂူဆရာတော် ကြီးထံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧရာဝတီမြစ်မှ သီတဂူရေအလှူတော် အမှတ် ၁ စက်ရုံနှင့် ရေလှောင်ကန်များအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး၊ သီတဂူဆရာတော် ကြီးထံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဧရာဝတီမြစ်မှ သီတဂူရေအလှူတော် အမှတ် ၁ စက်ရုံနှင့် ရေလှောင်ကန်များအား သွားရောက်ကြည့်ရှုစစ်ဆေး






MNP  -  ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။


ဆက်လက်ပြီး သီတဂူဆရာတော်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရိုးနှင့် မင်းဝံတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် သောက်သုံးရေပေးဝေလျက်ရှိသည့် သီတဂူရေ အလှူတော် အမှတ် ၁ ရေတင်စက်ရုံသို့ ရောက်ရှိရာ ဧရာဝတီမြစ်မှ ရေတင်စက်ကြီးများဖြင့် ရေတင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေ လုံလောက်စွာပေးဝေရေး၊ သန့်ရှင်းပြီးကျန်းမာရေး ကန့်သက်ချက်များနှင့် ကိုက်ညီသည့် သောက်သုံးရေ ရရှိစေရေးတို့အတွက်  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ရှင်ပင်နံကိုင်းတောင်ပေါ်ရှိ ရေဂါလံ ၁၅၀၀၀၀ (တစ်သိန်းခွဲ)နှင့် ရေဂါလံ ၅၀၀၀၀ (ငါးသောင်း)ဆံ့ သီတဂူရေ အလှူတော် အမှတ် ၄ ရေ ကန်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ စစ်ကိုင်းတောင်ရိုးရှိ သီတဂူရေအလှူတော်သည် ဧရာဝတီမြစ်မှရေကို မြင်းကောင်ရေ ၇၅ ကောင်အားရှိ ရေတင်စက် ၂၂ လုံးဖြင့် ရေလှောင်ကန် ၂၃ ကန်သို့ ရေတင်ပို့ကာ တစ်နေ့လျှင် ရေဂါလံပေါင်း ၁၅ သိန်းအား စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၁၃၄၄ ကျောင်း ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် တရားအားထုတ်သူစုစုပေါင်း ၁၆၈၅၉ ဦးအတွက် နေ့စဉ်သောက်သုံးရေပေး ဝေလျှက်ရှိသည်။


ထို့နောက် သီတဂူဆရာတော်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော် ၄၈၀ ပါး စာသင်ကြားလျက်ရှိသည့်  မြစကြာ စာသင်တိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တ ဣန္ဒကာဘိဝံသ သက်တော်(၅၈)နှစ်၊ သိက္ခာတော်(၃၈)ဝါ ရုပ်ကလပ်တော်ထားရှိသည့်နေရာသို့ ရောက်ရှိရာ သီတဂူဆရာတော်ကြီးမှ အန္တိမအဂ္ဂိဈာပန အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား မှာကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတောင်ရိုး မြစကြာစာသင်တိုက် မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ သက်တော်(၅၈)နှစ်၊ သိက္ခာတော် (၃၈)ဝါ အန္တိမ အဂ္ဂိဈာပနအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ (သိန်းတစ်ရာ)၊ ဆန်အိတ် ၅၀ အိတ်၊ စားသုံးဆီ ၁၀၀ ပိသာ (တစ်ရာပိသာ)၊ ဒီဇယ်စက်သုံးဆီ ၂ ပေပါအား ပေးအပ်လှူဒါန်းခဲ့ပြီး ရုပ်ကလပ်တော်အား ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)